Mon Traditional Attire
Jubilee
Watercolor Pencils
14 x 24 Inches
This artwork portrays the authentic traditional attire of the Mon people, highlighting the cultural identity and dignity preserved across generations.
Traditional dress for Mon men features a collarless white shirt with red check, two large pockets and four fabric ties at the front. The arms are straight without pleats. The Longyi is typically red color with white check and with a white stripe in the middle - this actually used to be the line where two pieces of fabric were sewn together, but nowadays it is often incorporated as a design feature.
The dress for Mon women is typically a long-sleeved white blouse with V-shaped neckline, and fastened with five ties. The Longyi is usually red and includes black weave pattern, colored stripes, and plain red fabric. Mon women often wear a shawl - called a yat toot - which wraps diagonally over the body covering one shoulder and then dropping behind the back. They wear their hair in a circular bun style, adorned all around with pearl necklaces, gold-and-pearl earrings, and jasmine flowers.
This visual documentation of Mon national costume not only preserves the dignity of the Mon heritage but also offers clarity for other ethnic groups and future generations to recognize and honor the true form of Mon attire.
မွန်ရိုးရာအဝတ်အစား
ဤပန်းချီကားသည် မွန်လူမျိုးတို့၏ သတ်မှတ်ထားသော ရိုးရာဝတ်စားဆင်ယင်မှုပုံစံအမှန်ကို လေ့လာတွေ့ရှိနိုင်ရန်နှင့် လူမျိုးတစ်မျိုး၏ အမှတ်အသားကို ထိန်းသိမ်းထားသည့် ဂုဏ်သိက္ခာကို ပြသရန်ရည်ရွယ်ပါသည်။
မွန်အမျိုးသားဝတ်စုံ - အတွင်းအင်္ကျီတွင် အဖြူရောင်လည်ကတုံးရှပ်ကို ဝတ်ဆင်ပြီး အပေါ်အင်္ကျီကို အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး ဖော်ထားသော အစဖြင့် ရှေ့တိုက်ပုံကဲ့သို့ ချုပ်လုပ်ထားပြီး လက်ကိုမခေါက်ပဲ ဆန့်ထားသည်၊ အောက်အိပ်နှစ်လုံးလည်း ထည့်သည်၊ ကြိုးလေးချောင်း တပ်ထားပါသည်။ လုံချည်မှာ အနီရောင်ခံကာ အဖြူအကွက်ဖော်ထားပြီး နှစ်နံစပ် သဘောမျိုး ချုပ်လုပ်ထားပါသည်။ ခေါင်းပတ်ပေါင်းပုဝါကို အနီနှင့် အဖြူအရောင်မှလွဲ၍ မသုံးဘဲ၊ ပန်းရောင် (သို့မဟုတ်) အဝါရောင် ဖျော့ဖျော့ဖြင့် ဆွယ်တော်ရွက်ပုံ (သို့မဟုတ်) ယုန်နားရွက်ပုံစံအတိုင်း ခေါင်းပတ်ကြပါသည်။
မွန်အမျိုးသမီးဝတ်စုံ - မွန်အမျိုးသမီး ဝတ်စုံမှာ အဖြူရောင်၊ ဆွယ်တော်ရွက် V ပုံသဏ္ဏာန် လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ် လက်ရှည်၊ အောက်အနား အနည်းငယ် ပိုရှည်ထားသော အင်္ကျီနှင့် ထမီမှာ အနီရောင်ခံ၊ ကြက်ခြေခတ် အနက်ကွက်၊ ရောင်စုံအစင်း၊ အနီဗြောင် ဟူ၍ ထပ်ဆင့်အထည် ဖြစ်ပါသည်။ မွန်အမျိုးသမီးများသည် ယပ်တုတ် ဟုခေါ်သော ပုဝါကိုလည်း ပခုံးတစ်ဖက်တွင်သိုင်းကာ ဝတ်ဆင်လေ့ရှိကြသည်။ ပုလဲဆွဲကြိုးများ၊ ရွှေပုလဲနားကပ်များနှင့် စံပယ်ပန်းများဖြင့် ပတ်ပတ်လည် ဆင်ယင်ထားသော ခရုပတ်ပုံစံဆံထုံးကို ထုံးကြပါသည်။
မွန်အမျိုးသား၊ အမျိုးသမီး ဝတ်စုံပုံဖော်ပန်းချီဆွဲရသည့် ရည်ရွယ်ချက်သည် မွန်လူမျိုး၏ ယဉ်ကျေးမှုဂုဏ်သိက္ခာကို ထိန်းသိမ်းဖော်ပြခြင်းသာမက တိုင်းရင်းသားအခြားလူမျိုးများနှင့် နောင်အနာဂတ်မျိုးဆက်များအတွက် မွန်ဝတ်စုံ၏ အမှန်အကန်ဝတ်စားဆင်ယင်မှုပုံစံကို မှန်မှန်ကန်ကန် နားလည်အောင် ပြသပေးခြင်းဖြစ်ပါသည်။

